Q : Turiyar Store ကရောင်းချတဲ့ ပစ္စည်းတွေက အရည်အသွေး စိတ်ချရရဲ့လား ?

A : Turiyar Store ဆိုပြီး တည်ထောင်ထားရတဲ့ ရည်ရွယ်ချက်က မြန်မာပြည်သူပြည်သားများ ဂီတတူရိယာ ပစ္စည်းများကို ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ထားသောကြောင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။


Q : ပစ္စည်းအမျိုးအစားကရော စုံလင်ရဲ့လား ?

A : ကျွန်တော်တို့ Turiyar Store မှာ တူရိယာပစ္စည်းမျိုးစုံရော တူရိယာပစ္စည်းများနဲ့ ပတ်သတ်တဲ့ Accessories များပါ တစုတဝေးထဲ ရှိပါတယ်။


Q : အာမခံရော ဘယ်လိုပေးလဲ သိချင်ပါတယ် ?

A : မြန်မာပြည်ရဲ့ တရားဝင်ဖြန့်ချိခွင့်ရ ကုမ္ပဏီများမှ တစ်ဆင့်သာ ရောင်းချသောကြောင့် ပစ္စည်းအရည်အသွေးကောင်းမွန်မှု၊ ပစ္စည်းစစ်မှန်မှု၊ အမှန်တကယ်ပေးသော အာမခံတို့နှင့်အတူ ယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပါတယ်။ 


Q : အာမခံ ဘယ်နှစ်လပေးလဲ ?

A : Turiyar Store မှ ဝယ်ယူအားပေးသော ပစ္စည်းများကို အာမခံ ( 12 ) လ တိတိ ပေးထားပါတယ်။


Q : အိမ်အရောက်ပို့ စနစ်ရော ရှိလား ? ဘယ်လိုများပို့ဆောင်ပေးပါလဲ ?

A : ၁ သိန်းနဲ့ အထက် ဝယ်ယူအားပေးရင် ရန်ကုန်၊ မန္တလေး မြို့တွင်းဆို ပို့ဆောင်ခ အခမဲ့ဖြင့် အိမ်တိုင်ရာရောက်ပို့ပေးပါတယ်။ အခြား မြို့နယ်များမှဆိုရင်လည်း ကားဂိတ်၊  ရေဆိပ် သို့ ပို့ပေးပါတယ်။ ၁သိန်းအောက် ဝယ်ယူအားပေးပါက ပို့ဆောင်ရမည့် ပစ္စည်းနှင့် နေရာပေါ်မူတည်ပြီး ပို့ဆောင်ခ ၅၀၀၀ နှင့် ၂၀၀၀၀ ကြား ကျသင့်ပါမယ်။


Q : Online က တစ်ဆင့် ပစ္စည်းမှာရင် Cash On Delivery နဲ့ အားပေးလို့ရလား ? 

A : ဟုတ်ကဲ့ ရန်ကုန်၊ မန္တလေး ဆိုရင်တော့ ပစ္စည်းရောက်မှ ငွေချေလို့ရပါတယ်။ အခြားမြို့နယ်တွေကတော့ ဘဏ်မှ ငွေလက်ခံရရှိမှ ပစ္စည်းပို့ပေးပါတယ်။


Q : Online က ပစ္စည်းမှာရင် ဘာတွေလိုအပ်သေးလဲ ?

A : ဝယ်ယူသူမှ ဖုန်းနံပါတ်ပေးဖို့လိုပါတယ်ခဗျ။ အရောက်ပို့စနစ်ကို ရွေးချယ်ထားပါက ပစ္စည်းမပို့ခင် store မှ ဝန်ထမ်းက ဖုန်းဆက်အကြောင်းကြားပေးပါတယ်။ ပစ္စည်းကို လာယူလိုပါကလည်း လာယူနိုင်မယ့် အချိန်နှင့်နေရာအား store ဝန်ထမ်းမှ ဖုန်းဆက်အကြောင်းကြားပေးပါတယ်။


Q : ဘယ်နှရက်အတွင်း အရောက်ပို့ပေးလဲရှင့် ?

A : ရန်ကုန်၊ မန္တလေး မြို့တွင်းဆို နှစ်ရက် မှ လေးရက်အတွင်း ရောက်ရှိအောင်ပို့ပေးပါတယ်ခင်ဗျာ။ (ပိတ်ရက်ရှည်များမပါ)


Thank You for Our Customer